လေးစားရပါသောဂုဏ်သရေရှိအမျိုးသမီး/လူကြီးမင်းခင်ဗျာ၊

FDPI (သဘာဝရေဘေးအန္တရယ်အတွက် ကြိုတင်ပြင် ဆင်မှုစနစ်) လေ့လာမှုတွင် ပါဝင်ပူးပေါင်း ပေးသည့် အတွက် အထူးကျေးဇူး တင်ပါတယ်။ ဤ၀က်ဘ်ဆိုဒ်ကို ဂျပန်နိုင်ငံ PWRI (အများပြည်သူနှင့်ဆိုင်သော ယဉ်ကျေးမှုသုတေသနတက္ကသိုလ်) ရှိ ICHARM (ကုလသမဂ္ဂသိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၏ ကမကထဦးဆောင်လမ်းပြညွန်ကြားမှုအောက်မှာလုပ်ကိုင်နေသောနိုင်ငံတကာသဘာဝရေဘေးအန္တ ရာယ်ကိုင်တွယ်ဖြေရှင်း ရေးအဖွဲ့)မှ စတင်တည်ထောင်ခဲ့ပြီး ယင်းသည်WMO (ကမ္ဘာ့မိုးလေ၀သနှင့်ဇ လဗေ ဒဆိုင်ရာအဖွဲ့အစည်း) နှင့် UNESCAP (အာရှပစိဖိတ်နိုင်ငံများ အတွက် ကုလသမဂ္ဂနိုင်ငံများ စီးပွားရေးနှင့် လူအဖွဲ့အစည်းကော်မရှင် အဖွဲ့)များနှင့် ပူးပေါင်းညွန်ကြား မှုအောက်မှာ လုပ်ကိုင်နေသော တိုင်ဖွန်းမုန်တိုင်းကော်မတီ၏ ယခင်က သုတေသနကိုလုပ်ဆောင်မှုကို အခြေခံထားပြီး ပြန်လည်ဖန်တီး ထားသော အဆင်မြှင့်ဗားရှင်းဖြစ်သည်။

FDPI ကို အဓိကအားဖြင့် သင်၏လူမှုပတ်ဝန်းကျင် အသိုက် အ၀န်းတွင် သဘာဝဘေးအန္တရာယ်ကိုင်တွယ် ဖြေရှင်းနေသော အရာရှိများမှ လူမှုပတ်ဝန်းကျင်အသိုက်အ၀န်းများ၏ သဘာဝ ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပတ်သက်၍ ချင့်ချိန်သုံးသပ်ရာတွင် အသုံးပြုရန်အတွက် ပြုပြင်ပြောင်းလဲထားပါ သည်။ ဤ၀က်ဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် မည်သည်ကိုတိုးမြှင့် လုပ်ဆောင်သင့်သည်နှင့် အခြားအဖွဲ့အ စည်းများမှ မည်သည့် အထောက်အပံ့အကူအညီများ ရယူလက်ခံသင့်သည်ကို တိတိကျကျသိရှိမှာဖြစ်ပြီး သင်၏လူမှုပတ်ဝန်းကျင်အသိုက် အ၀န်းအား ယုတ်တိရှိရှိ ချင့်ချိန်အကဲခတ် နိုင်မည်ဖြစ်ပါသည်။ တဖြည်း ဖြည်းစုပုံများပြားလာသောရလာဒ်များသည်ကမ္ဘာတစ်ဝှမ်းရှိ ကျေးလက်နိုင်ငံများအတွက် သဘာဝရေဘေး အန္တရယ်အတွက်ကြိုတင်အသင့်ပြင်ဆင်မှုကို အားဖြည့်ပေးရန် အတွက် အကျိုးရှိ သောအရင်းအမြစ်များ ဖြစ်လာပေမည်။

အောက်ပါမေးခွန်းများသည် သင်၏လူမှုပတ်ဝန်းကျင် အသိုက်အ၀န်းမှ သဘာဝဘေးအန္တရာယ်ကိုယ်တွယ် ဖြေရှင်း ရေးနှင့် ပတ်သက်ပါသည်။ မေးခွန်းတစ်ကြောင်းစီကို သေချာဖတ်ပြီး အဖြေ ၅ ခုထဲမှ သင်၏လူမှု ပတ်ဝန်းကျင်အသိုက်အ၀န်းအား အကောင်းဆုံး ကိုယ်စားပြုသည်ဟု သင်ယူဆထားသော အဖြေ ၁ ခု ကို ရွေးပါ။ FDPI သည်သင်၏လူမှုပတ်ဝန်းကျင်အသိုက်အ၀န်းမှသဘာဝရေဘေးအန္တရာယ်အတွက်ကြိုတင် ပြင်ဆင် မှုများ တိုးချဲ့လုပ်ဆောင်ရာတွင် အသုံးဝင်ပြီး ထိရောက်မှုရှိပါ လိမ့်မည်။

ဤ၀က်ဘ်ဆိုဒ်နှင့်ပတ်သက်၍တစ်စုံတစ်ရာမေးမြန်းလှိုလျှင်ကျွန်ုပ်တို့ထံသို့လွတ်လွတ်လပ်လပ်ဆက်သွယ်မေးမြန်းပါ။

(တုံ့ပြန်ပြောဆိုမှုများအားလုံးကို လျှို့ဝှက်သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ဘက်မှ သင့်အား အာမခံပြောကြား လိုက်ပါသည်။ ဤလေ့လာမှုရလာဒ်များကို တစ်စုတစ်စည်းတည်းတင်ပြသွား မည်ဖြစ်ပြီး သင်၏ခွင့်ပြုချက်မပါဘဲ သင်နှင့် သင့်လူမှုအဖွဲ့အစည်းအကြောင်းကို ထုတ်ဖော်သွားမည်မဟုတ်ပါ။)

ရိုးသားစွာဖြင့် သင့်ရဲ့..
ICHARM အဖွဲ့ဝင်များ